မံစီမြို့တွင်း တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်KIA /PDFအဖွဲ့ အပြန်အလှန်ပစ်ခတ်မှုပြင်းထန်၍ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးမှုဖြစ်ပွား


မေ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံစီမြို့တွင်း၌ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF ပူးပေါင်အဖွဲ့တို့ထိပ်တိုက်တွေဆုံကာ အပြန်အလှန်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းကြောင်း သိရသည်။

ထို မြို့တွင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဘက်စလုံးမှအပြန်မလှန်ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြောင့် မံစီမြို့ရှိသေခံနေအိမ်းများ မီးလောင်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ကြောင်း သိရသည်။

မြို့တွင်းရှိ ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ခိုအောင်းနေထိုင်သည့် KIA/KPDF အဖွဲ့တို့က တပ်မတော်စစ်ကြောင်ကို ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းကြောင့် မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့ရခြင်းဖြစ်၍ နေအိမ်များမီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22525

PAN

KWN #SZ