PDF များ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်နေသည်ကို နိုင်ငံတကာက နှုတ်ဆိတ်နေ

(ပြည်တွင်း) မေ ၁၁

PDF အကြမ်းဖက်သမားများမှ ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေပြီး အဆိုပါသတ်ဖြတ်မှုများကို နိုင်ငံတကာက နှုတ်ဆိတ်နေကြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာအနီးက ဆုံရွာကို မေလ ၉ ရက် မနက်ပိုင်းမှာ PDF အကြမ်းဖက်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၃၂ ဦးကို သတ်ဖြတ်သွားခဲ့ကြသည်။

ဆုံရွာက ဒေသခံပြည်သူ ၃၂ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ မြောင်၊ မြင်းခြံ၊ ငါန်းဇွန်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့ မနက်အစောပိုင်း ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာမှ ဒေသခံပြည်သူ ၃၀ ကျော်ကို PDF အကြမ်းဖက် များမှဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

လက်ထုတ္တောကျေးရွာသည် မုံရွာ-မြင်းမူ-မန္တလေးလမ်းနှင့် မြောင်-မြင်းမူ-မန္တလေး လမ်းဆုံတွင် တည်ရှိပြီး အိမ်ခြေ ၆၀၀ နီးပါး ရှိသည့် ကျေးရွာဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မေ ၆ ရက်နေ့က PDF အကြမ်းဖက်များမှ ဝင်ရောက်မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၅၀၀ ကျော် ပျက်စီးဆုံးရှုံးသွားသည်။

PDF အကြမ်းဖက်များမှ ယခုကဲ့သို့ ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသော်လည်း အစိုးရများ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ကန့်ကွက်ပြောဆိုကြခြင်းမရှိပဲ နှုတ်ဆိတ်နေကြသည်။

#PAN