အကြမ်းဖက်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသော အိမ်စီးကားနှင့် အန်စာတုံးကားငယ်များကို KIA/PDF အဖွဲ့မှ ဆက်ကြေးကောက်ခံ


မေ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိပ်တံတားကို KNU/PDF အဖွဲ့မှ ယမန်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တိုက်ခိုက်ဖောက်ခွဲဖျက်စီးခဲ့၍ ဘီးလင်းမြို့နယ်ဘက်အခြမ်းဘက်မှာပျက်စီးသွားခဲ့ပြီး မော်တော်ယာဥ်များသွားလာ၍ မရတော့ကြောင်းသိရသည်။

ရန်ကုန်ဖက်မှလာသော မော်တော်ယာဥ်များကို ဘီးလင်းမြို့သကြားစက်လမ်းဆုံမှစ၍ သွားလာခွင့်မပြုတော့ဘဲ လမ်းပိတ်ထားကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အိမ်စီးကား၊ အဌားကားငယ်များကို ၎င်းတို့၏ဆန္ဒအလျှောက်ခရီးဆက်လိုကြသည့်ကားများကို ဒေါက်ရပ်၊ ရွှေရောင်ပြအတွင်းလမ်းမှတစ်ဆင့် သထုံမြို့နယ်၊ မိုးကောင်း၊ ဖော်ဖလမ်းဖက်သို့သွားခွင့်ပြုကြောင်းလည်း သိရသည်။

KNU ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာလျှက်ရှိသော အိမ်စီးကား/ကားငယ်/အံစာတုံးယာဥ်များကို KNU/PDF အဖွဲ့များမှ တစ်စီးလျှင် ၆၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ၎င်းတို့အဖွဲ့ရံပုံငွေအဖြစ် ကောက်ခံလျှက်ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews/22515

PAN

SZ