ရွှေပြည်လုံခြုံရေး ရဲကင်းစခန်းအား အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်


မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအုပ်စု၊ ရွှေပြည်ကျေးရွာရှိ ရွှေပြည်လုံခြုံရေး ရဲကင်းစခန်းအား ၁၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ် အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့(စီစစ်ဆဲ)မှ Drone ၄ စီးဖြင့် Drop Bomb ၄ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေပြည်လုံခြုံရေး ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေစဥ် အကြမ်းဖက် PDF အဖွဲ့(စီစစ်ဆဲ)မှ Drone ၄ စီးဖြင့် Drop Bomb ၄ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ Drop Bomb ၃ လုံးသည် ရဲကင်းမြောက်ဘက် ခြံဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး Drop Bomb ၁ လုံးသည် ရဲကင်းစခန်းဝင်း အတွင်း အရှေ့ဘက်ဘန်ကာအမိုးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲဒုတပ်​ကြပ် တစ်ဦးတွင် ဦးခေါင်းထိပ် ဗုံးစမှန် ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ရဲတပ်သား တစ်ဦးတွင် လည်ပင်း ဝဲဘက် ဗုံးစမှန် ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး အဆိုပါ Drone များသည် ရွှေပြည်ရဲကင်းစခန်း၏ အရှေ့ဘက် ၃ မိုင်ခန့်အကွာ မြကန်သာကျေးရွာ ဘက်သို့ ပျံသန်းသွားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22513

PAN

SZ