ကျောက်ဆည်မြို့နယ်၊ ညောင်ရွှေကျေးရွာတွင် အသက် ၇၁ နှစ်ရှိသူ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ တစ်ဦး သတ်ဖြတ်ခံရ


မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာနှင့် ညောင်ရွှေကျေးရွာကြားတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ဆည်မြို့နယ်၊ ညောင်ရွှေကျေးရွာ၊ ဆယ်အိမ်မှူး ဦးမျိုးမြင့်၊ အသက် ၇၁ နှစ်၊ (ဘ)ဦးသာကြူး(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)အား ဌေးဌေးဆံပင်ညှပ်ဆိုင်အတွင်းတွင် ယာ-လည်ပင်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-နားထင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူသည် ညောင်ရွှေကျေးရွာရှိ ဌေးဌေးဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ရန်စောင့်ဆိုင်းနေစဉ် အမည်မသိအမျိုးသား ၂ ဦးမှာ ဆိုင်ကလုန်း ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ဝင်ရောက်၍ (အမျိုးအစားစိစစ်ဆဲ)သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းမှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22514

PAN

SZ