နွယ်ရုံကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး အား အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်


(ပြည်တွင်း) မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူး​မြို့နယ်၊ နွယ်ရုံကျေးရွာ၊ တောင်ပုလုရပ်နေ၊ ကျည်တောက်ပေါက်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကို အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ပြည့်ဖြိုးနောင်(ခ)ငဖြိုး၊ ၂၃ နှစ်၊ ရွှေအင်းလုပ်သား လုပ်ကိုင်သူသည် မိခင်ဖြစ်သူအား ဆေးခန်း လိုက်ပို့ပေးပြီး နေအိမ်သို့ပြန်လာစဥ် နေအိမ်အဝင်ဝအရောက်တွင် အကြမ်းဖက် PDF ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းအကြမ်းဖက် PDF ၂ ဦးမှာ ရေမြက်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် စီးနင်းထွက်ပြေးသွားခဲ့သည်။

အဆိုပါ အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည့်ဖြိုးနောင်၏ ယာ-ပေါင်တွင် လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး စဥ့်ကူးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ ပွိုင့် ၃၈ ကျည်ခွံ ၂ ခွံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

VK Link>>…
https://vk.com/wall-220066330_6334

Telegram>>…
https://t.me/positiveanglenews/22494

PAN

ZN #SZ