အသင်းဟောင်းဖလူမီနီးစ်အသင်းက သီယာဂိုဆေးလ်ဗားကို ပြန်လည်ခေါ်ယူ

(အားကစား) မေ ၈

ဘရာဇီးလ်ကလပ် ဖလူမီနီးစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့တရားဝင်စာမျက်နှာကနေ ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ ဖလူမီနီးစ်အသင်းဟာ သီယာဂိုဆေးလ်ဗားရဲ့ ငယ်ဘ၀ကလပ်အသင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်းမှာ ၁၄၃ ပွဲအထိ ကစားပေးခဲ့ဖူးပါတယ်။

သီယာဂိုဆေးလ်ဗားဟာ အသက် (၂၅)နှစ်အရွယ် ၂၀၀၉ ခုနှစ်တွင် အေစီမီလန်အသင်းသို့ပြောင်းရွှေ့ကာ ဥရောပဘောလုံးရပ်၀န်းဆီ စတင်ခြေချခဲ့ပြီး PSG၊ ချယ်လ်ဆီးအသင်းများနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပါတယ်။

အသက်၃၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ ၂၀၂၀ ခုနှစ်နွေရာသီကမှ ချဲလ်ဆီးထံကို ရောက်လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။