ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းတွင် ယာဥ် ၂ စီး တိုက်မှု ဖြစ်ပွား


မေ ၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် ၇/၄တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ လားရှိုး-မန္တလေးမြို့ရှောင်လမ်းအတိုင်း လားရှိုးဘက်မှ မန္တလေးဘက်သို့ ကျောက်ဖျာကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူများဖြစ်သည့် သန်းဇော်ဟိန်း၊ ၂၂ နှစ်၊ “ဝင်း” သစ်ခွခြံ အလုပ် သမား မောင်းနှင်ပြီး ရှေ့ခန်းတွင် ပြည့်ဖြိုးဇော်၊ ၂၅ နှစ် နှင့် နေရဲလင်း၊ ၁၈ နှစ်တို့ လိုက်ပါလာသော HIJET အမျိုးအစား အဖြူရောင်ယာဉ် နှင့် မန္တလေး-လားရှိုး မြို့ရှောင်လမ်းအတိုင်း မန္တလေးဘက်မှ လားရှိုးဘက်သို့ စိုင်းကြာမုံ၊ ၄၈ နှစ်၊ သီပေါမြို့နေသူ မောင်းနှင်ပြီး ရှေ့ခန်းတွင် ၎င်း၏ ဇနီးဖြစ်သူ နန်းရွှေအိမ်၊ ၃၄ နှစ် တို့ လိုက်ပါလာသော၊ DONG FENG အမျိုးအစား အနီရောင် မော်တော် ယာဉ် ၂ စီးတို့မှာ မိုင်တိုင်အမှတ် ၇/၄ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ဘေးချင်းယှဉ်ပွတ်တိုက်မိရာမှ HIJET အမျိုးအစား အဖြူရောင်ယာဉ်မှာ လမ်း၏ယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဘေးချင်းယှဉ်ပွတ်တိုက်မှုကြောင့် DONG FENG အမျိုးအစား အနီရောင်မော်တော်ယာဉ် မောင်းနှင်သူ စိုင်းကြာမုံနှင့် ယာဉ်ပေါ်ပါ နန်းရွှေအိမ်တို့ ၂ ဦးမှာ ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း HIJET အမျိုးအစား အဖြူရောင်ယာဉ်မောင်း သန်းဇော်ဟိန်းတွင် ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ်ရာဖြင့်လည်းကောင်း၊ရှေ့ခန်းတွင်လိုက်ပါလာသော ပြည့်ဖြိုးဇော် တွင် ဦးခေါင်းနောက်စေ့ ကွဲအက် ဒဏ်ရာဖြင့် လည်းကောင်း၊ နေရဲလင်းတွင် ဦးခေါင်းထိပ် ကွဲအက်ဒဏ်ရာဖြင့်လည်းကောင်း သေဆုံးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် HIJET အမျိုးအစား အဖြူရောင်ယာဉ်၏ ခေါင်းပိုင်းတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ကာ၊ DONG FENG အမျိုးအစား အနီရောင်မော်တော်ယာဉ်မှာ ပျက်စီးမှု မရှိကြောင်း၊ ယာဉ်မောင်း ၂ ဦးမှာ လမ်းအကွေ့တွင် ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းဖြစ်၍ လူကိုသေဆုံးစေသည်အထိ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်ခဲ့ကြသူ များဖြစ်သော စိုင်းကြာမုံ နှင့် သန်းဇော်ဟိန်းတို့ ၂ ဦးအား ဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22375?single

PAN

#ZN#SZ