ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း တောင်းဆိုချက် နစကအစိုးရ စဉ်းစားပေးမယ်


မေ ၈

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး စကားပြောဆိုခွင့်ပေးဖို့အပါအဝင် တစ်ခြားတောင်း ဆိုချက်တွေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းစဥ်းစားပေးမယ်လို့ တုံ့ပြန်ခဲ့တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံ သတင်းထုတ်ပြန်ရေး အဖွဲ့ဆီက သိရပါတယ်။

ယမန်နေ့ မေလ ၇ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဌ Samdech Akka Moha Sena Padei Techo HUN SEN နဲ့ (Video Conferencing) နဲ့ တွေ့ဆုံဆွေးနွေးရာတွင် မစ္စတာ ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြော ဆိုခွင့် ရရှိရေးနဲ့ တစ်ခြားအချက်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဟွန်ဆန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံရေးရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးတာကြောင့် တွေ့ခွင့်ရရေး အခုလို တောင်းဆိုခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရရှိရေး တောင်းဆိုချက်ကိစ္စကို ကမ္ဘောဒီးယားနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံဘက်က သတင်းထုတ်ပြန်ချက်တွေမှာ ပါဝင်လာတာ မတွေ့ရပါဘူး။

Telegram>>…
https://t.me/positiveanglenews/22389

PAN

MTM #SZ