တောင်ကိုရီးယားနှင့် ပူးတွဲတိုက်လေယာဉ်စီမံကိန်းအတွက် ကုန်ကျစရိတ်ကို သုံးပုံတစ်ပုံသာပေးမည်ဟု အင်ဒိုနီးရှား ကမ်းလှမ်း


မေ ၈

အင်ဒိုနီးရှားနိုင်ငံက တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲအကောင်အထည်ဖော်နေသည့် တိုက်လေယာဉ် စီမံကိန်း အတွက် ကုန်ကျစရိတ်ကို မူလသတ်မှတ်ပမာဏအနက် သုံးပုံတစ်ပုံသာ ပေးနိုင်တော့မည်ဟု ကမ်းလှမ်းလာကြောင်း တောင်ကိုရီးယားဘက်က ထုတ်ပြန်လာသည်။

အင်ဒိုနီးရှားနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတိုသည် ကိုရီးယားဝမ် ၈ ဒသမ ၁ ထရီလီယံတန်ဖိုးရှိသည့် အဆင့်မြင့် အသံနှုန်းလွန်လေယာဉ်စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မူလက အဆိုပါကုန်ကျစရိတ်အနက် ၂၀ ရာခိုင်နှုန်းကို ပေးသွားမည်ဟု သဘောတူထားခြင်း ဖြစ်သည်။

ထို့ပြင် လေယာဉ်ရှေ့ပြေးပုံစံနှင့် နည်းပညာလွှဲပြောင်းမှုများပြီးသည့်အပြင် အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ် ၄၈ စင်း ထုတ်လုပ်နိုင်ပြီးနောက် ပေးချေရမည့်ငွေများအားလုံးကို ပေးသွားမည်ဟု သဘောတူထားသည်။

သို့သော် အင်ဒိုနီးရှား နိုင်ငံသည် ပေးချေရမည့်ငွေများအနက် ကိုရီးယားဝမ် ဘီလီယံ ၃၀၀ ကိုသာ ပေးချေရသေးပြီး ကျန်ငွေများကို အချိန်မီ ပေးချေနိုင်ခြင်းမရှိသေးပေ။

ယခုအခါ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့် တောင်ကိုရီးယားအစိုးရက အင်ဒိုနီးရှား၏ တောင်းဆိုမှုကို လက်ခံခြင်း ရှိ၊ မရှိ မဆုံးဖြတ်ရသေးကြောင်း Yonhap သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews/22374

PAN

SZ