နန့်ပုတ်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲအဆုံးစီရင်


(ပြည်တွင်း) မေ ၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်မိမိ အဆုံးစီရင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မိုးညှင်းမြို့၊ နန့်ပုတ်ကျေးရွာတွင် အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦး ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီချိန်တွင် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သတင်းရရှိသည့်အတွက် မေတ္တာလေညှင်း ပရဟိတအဖွဲ့မှ သွားရောက်ကူညီသယ်ဆောက်ပေးခဲ့ရကြောင်း သိရသည်။

ကြိုးဆွဲချ သေဆုံးနေသူ အမျိုးသားမှာ အသက် ၃၄ နှစ်အရွယ်ရှိသည့် ဇင်မျိုးလင်းဆိုသူ ဖြစ်ကာ နန့်ပုတ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး မည်သည့်အကြောင်းရင်းကြောင့် ကြိုးဆွဲချသေဆုံးခဲ့သည်ကိုမူမသိရှိရကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း မေတ္တာလေညှင်း ပရဟိတအဖွဲ့နှင့် ဒေသခံများ ပြောပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews/22346?single

PAN

AMT