တရုတ်စစ်တပ်လေယာဉ်က ဩစတေးလျ ရဟတ်ယာဉ်ကို မီးကျည်ဖြစ် ပစ်ဖောက်ခဲ့


မေ ၇

နိုင်ငံတကာရေပိုင်နက်အတွင်း ပျံသန်းနေသည့် သြစတြေးလျနိုင်ငံမှ MH-60R Seahawk အမျိုးအစား ရဟတ်ယာဉ်ပေါ်သို့ တရုတ်လေတပ်မှ J-10 ဂျက်တိုက်လေယာဉ်မှ မီးကျည်များ ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

သြစတြေးလျ စစ်တပ် ရဟတ်ယာဉ်သည် ပင်လယ်ဝါအတွင် ပျံသန်းနေပြီး အဆိုပါ ဒေသသည် တရုတ်နိုင်ငံနှင့် တောင်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား တည်ရှိသည့်ဒေသဖြစ်သည်။

ဩစတေးလျဝန်ကြီးချုပ် အယ်လ်ဘန်နစ်က အဆိုပါဖြစ်ရပ်သည် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်မှာ ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖျက်သင်္ဘော HMAS Hobart နှင့်အတူ လှည့်ပတ်ကြည့်ရှုနေချိန်တွင် ယခုကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

J-10 အမျိုးအစား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တိုက်ခိုက်မှုသည် ဩစတေးလျရဟတ်ယာဉ်မှူးများကို ဖိအားပေးရန်ဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ရှောင်တိမ်းနိုင်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews/22343

PAN

AMK #SZ