ဂါဇာအရေးအတွက် ဥရောပတွင် ကျောင်းသားများ ဆန္ဒထုတ်ဖော်


မေ ၇

ဥရောပနိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဘယ်ဂျီယံနှင့် နယ်သာလန်တို့တွင် ဂါဇာရှိ အစ္စရေး၏ စစ်ဆင်ရေးကို ကျောင်းသားများမှ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဘယ်ဂျီယံနိုင်ငံ Ghent မြို့နှင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိတက္ကသိုလ်များတွင် စု‌ဝေးဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အမ်စတာဒမ်မြို့လယ်ရှိ အမ်စတာဒမ်တက္ကသိုလ်(UvA) တွင် ရာနှင့်ချီသော ကျောင်းသားများသည် စခန်းချကာ ဆန္ဒထုတ်နေပြီး တက္ကသိုလ်တာဝန်ရှိသူများမှ ကျောင်းသားများအားနေ့ဘက်တွင် ဆန္ဒပြမှုကို ခွင့်ပြုနိုင်သော်လည်း ညပိုင်းအထိဆက်လက်လုပ်ဆောင်ပါက ရဲကို အကြောင်းကြားမည်ဟုဆိုသည်။

ကျောင်းသားများသည် အစ္စရေးကိုဆန့်ကျင်သည့်အနေဖြင့် အမ်စတာဒမ်ရှိတက္ကသိုလ်များနှင့် အစ္စရေးအဖွဲ့အစည်းများကြားပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန်လိုလားလျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews/22351

PAN

AMK #SZ