ရေတာရှည်မြို့နယ်၊ သဲကောရွာတွင် အကြမ်းဖက် KNU/PDF အဖွဲ့များက အပစ်မဲ့ပြည်သူ တစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်


(ပြည်တွင်း) မေ ၄

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ်၊ ဘုရားကုန်းအုပ်စု၊ သဲကောရွာတွင် မေ ၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အပစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက် KNU/PDF အဖွဲ့များက သတ်ဖြတ်သွားကြောင်း သိရှိရသည်။

သေဆုံးသူမှာ နေဝင်းအောင်၊ အသက် ၄၀ နှစ်သည် မိခင်၏ နာရေးကိစ္စများ ဆောင်ရွက်နေစဉ် ခေါင်းဆောင် ဦးကိုကြီး လက်အောက်ခံ အကြမ်းဖက် KNU/PDF အဖွဲ့များက ၎င်းအား ခြံအပြင်သို့ဆွဲထုတ်ပြီး အကြောင်းမဲ့ ပစ်သတ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများ အပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကို လည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

VK Link>>…
https://vk.com/wall-220066330_6237

Telegram>>…
https://t.me/positiveanglenews/22263

PAN

SZ