မန္တလေးတိုင်းဒေသကြီးခရိုင် ငါးခုမှာ အသေးစားလုပ်ငန်းများအတွက် သင်တန်းခုနှစ်ကြိမ် ဖွင့်လှစ်မည်


မေ ၄

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်ငါးခုမှာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ဝင်ငွေတိုးရေး ရှေ့ပြေးစီမံကိန်းဖြင့် သင်တန်းခုနစ်ကြိမ် ဖွင့်လှစ်ပေးသွားမယ်လို မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သိရပါတယ်။

အဆိုပါ စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်ငါးခုမှာ ဆောင်ရွက်သွားရန် လျာထားပြီး ၎င်းစီမံကိန်း များမှာ ကျေးရွာထုတ်ကုန်တစ်ခုစီမံကိန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးစီမံကိန်း၊ အမျိုးသမီး များအတွက် ဝင်ငွေတိုးတက်ရရှိရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာများ ဖော်ဆောင်ကာ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးစီမံကိန်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင်စီမံကိန်းများမှ ဖွင့်လှစ်ပေးခဲ့တဲ့ သင်တန်းများမှာ နိုင်ငံတော်ကနေပြီး အရင်းအနှီးများ၊ နည်းပညာများ၊ ဈေးကွက်များရရှိရေးကိုပါ ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် ခရိုင်ငါးခုမှာ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခရိုင်တို ဖြစ်ပါတယ်။

ယခင်ဘဏ္ဍာနှစ်က အဆိုပါစီမံကိန်းကို ခရိုင်လေးခရိုင်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းသင်တန်းကို ရှစ်ကြိမ်လျာထားခြင်းဖြင့် ဖွင့်လှစ်ခဲ့ရာလက်ရှိမှာ သင်တန်းကိုးကြိမ် ဖွင့်လှစ်ပေး နိုင်ခဲ့ပါတယ်။

သင်တန်းများကိုလျာထားချက်ထက် ပိုမိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်းမှာ ကျေးလက်နေပြည်သူများရဲ့ လူနေမှုဘဝဖွံဖြိုးတိုးတက်စေရေးနှင့် လုပ်ငန်းရှင်များ ပေါ်ထွက်ရေးတိုကို ရည်ရွယ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရပါတယ်။

VK Link>>…
https://vk.com/wall-220066330_6235

Telegram>>…
https://t.me/positiveanglenews/22261

PAN

SZ