​ပေပင်ရှည်ကျေးရွာတွင် အပြစ်မဲ့ပြည်သူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း) မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ​ပျော်ဘွယ်မြို့နယ်၊ တောင်ညောင်ကုန်း၊ တိုက်နယ်ဆေးရုံသို့ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်း ၁ လောင်းရောက်ရှိလာကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာအုပ်စု၊ ပေပင်ရှည်ကျေးရွာတွင်နေထိုင်သော ဦးသိန်းလွင်စိုး(ခ)ဦးကျောက်ခဲ ဖြစ်ပြီး ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ယနေ့ နံနက် ၅ နာရီ အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့ (အင်အားစီစစ်ဆဲ)တို့ ရောက်ရှိလာပြီး ဦးသိန်းလွင်စိုး(ခ)ဦးကျောက်ခဲ အားလက်ပြန်ကြိုးတုတ် ခေါ်ဆောင်သွားကာ နေအိမ်အနီး လမ်းသွယ်အရောက်တွင် လက်နက်ငယ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူတွင် ယာ-မျက်ခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-နားဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-နားအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့​​ပြီး အခင်းဖြစ်နေရာအနီးမှ 9-MM ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

VK Link>>…
https://vk.com/wall-220066330_6241

Telegram>>…
https://t.me/positiveanglenews/22270?single

PAN

SZ