မေ ၁
လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းနှင့် ပြိုင်ပွဲ၏ အအောင်မြင်ဆုံး လိုင်ယွန်အသင်းတို ဆုံတွေ့နေတဲ့ ၂၀၂၃-၂၄ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေလ ၂၅ ရက်၌ စပိန်နိုင်ငံ၊ ဘီလ်ဘာအိုမြို့ရှိ ဆန်မာမီးစ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။
အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၀၁-၀၂ ရာသီတွင် UEFA Women’s Cup အမည်နဲ့ စတင် ကျင်းပခဲ့ပြီး ၂၀၀၉-၁၀ ရာသီမှစ၍ အမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲအမည်နဲ့ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ၂၀၂၃-၂၄ ရာသီမှာ (၂၃)ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး ဘာစီလိုနာနှင့် လိုင်ယွန်အသင်းမှာ ဗိုလ်လုပွဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံနေကာ ယခင်နှစ်ကြိမ်စလုံး လိုင်ယွန်အသင်းက အနိုင်ယူထားခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဘာစီလိုနာအသင်းက ချဲလ်ဆီးကို နှစ်ကျော့ပေါင်းရလဒ် (၂-၁)ဂိုး၊ လိုင်ယွန်အသင်းက PSG အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၃)ဂိုးတိုဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု (၈)ကြိမ်ရရှိထားသည့် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတွင် ချန်ပီယံဆုကို ဒုတိယအကြိမ် ရရှိထားသည့် လက်ရှိချန်ပီယံအသင်းဖြစ်ပါတယ်။
နောက်ဆုံး(၃)ရာသီလုံး ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ချန်ပီယံဆု နှစ်ကြိမ်ရယူနိုင်ခဲ့သည့် ဘာစီလိုနာ အသင်းက ယခုရာသီတွင်လည်း ချန်ပီယံဆု ထပ်မံရယူနိုင်ရန် ရေပန်းစားနေပါတယ်။
Telegram>>…
https://t.me/positiveanglenews/22199