စဥ့်ကူး​မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ် ဗုံးပေါက်ကွဲမှုဖြစ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိ


မေ ၁

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူး​မြို့နယ်၊ မြို့မရဲစခန်းမှ လုံခြုံရေးအဖွဲ့သည် အနက်ရောင်ယာဉ်ဖြင့် စဥ့်ကူးမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်း လှည့်ကင်း ဆောင် ရွက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ် ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ရတနာသိင်္ခတံတား လုံခြုံရေးအဖွဲ့ မှ လဲလှယ်ဆောင်ရွက်မှုအား စဉ့်ကူးမြို့၊ အမှတ် ၁ ရပ်ကွက်၊စဥ့်ကူး-ရွှေဘို သွားကားလမ်းမပေါ် ၊ သန္တာအောင် ထမင်းဆိုင် မြောက်ဘက်တွင် မြို့မရဲစခန်းမှ လုံခြုံရေးအဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်၍ လုံခြုံရေး ဆောင်ရွက်ပေးနေစဉ် ကားလမ်းအနောက်ဘက်ရှိ ဆေးရိုးပင်အတွင် PDF အကြမ်းဖက်အဖွဲ့(စီစစ်ဆဲ)မှ ထောင်ထားသည့် လက်လုပ် မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒုရဲအုပ် အဆင့်ရှိသူ ၁ ဦး နှင့် ရဲတပ်သား ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒုရဲအုပ် အဆင့်ရှိသူ တွင် ယာဘက်ဂျိုင်းအောက် မိုင်းစထိမှန် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာ-လက် ပြတ်ရှ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ရဲတပ်သားတွင် နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာ-လက်ခုံ ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးသည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22198

PAN