(ပြည်တွင်း)ဧပြီ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဝင်ရောက်နေထိုင်ပြီး အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်း သူများကို တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation)ဖြင့် စနစ်တကျဆောင်ရွက်ပြီး တိုက်ခိုက်ချေမှုန်းခဲ့ရာ အဆိုပါ ဒေသများအားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်း လင်းရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိသည့် သတင်းအား ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။
ယခုအခါ ၎င်းဒေသများသည် ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ် သည့်အတွက် ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများကို ၎င်းတို့၏ ကျေးရွာများသို့ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးစည်းရုံးဆောင်ရွက်ခဲ့ရာ ဧပြီ ၂၇ ရက် နေ့အထိ မွန်ပြည်နယ် ဓမ္မသတ်ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ်ကျေးရွာများသို့ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး၊ စုစုပေါင်း ၂၂၀ ဦးနှင့် ကရင်ပြည်နယ် ကော့ဘိန်းကျေးရွာသို့ အမျိုးသား ၁၆၁ ဦး၊ အမျိုးသမီး ၃၂၄ ဦး၊ စုစုပေါင်း ၄၈၅ ဦးတို့ ပြန်လည်ဝင်ရောက် နေထိုင်လာကြောင်း သိရှိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး လိုအပ်သည့်ကူညီ စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာပစ္စည်းများနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယာယီနေရပ်စွန့်ခွာနေရသော ဒေသခံပြည်သူများသည် ၎င်းတို့၏ နေရပ်အသီးသီးသို့ ဆက်လက်ဝင်ရောက်နေထိုင် လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram>>…
https://t.me/positiveanglenews/22112?single