တရုတ်တွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး ၅ ဦးသေဆုံးပြီး ပျက်စီးမှုများပြား


ဧပြီ ၂၉

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ကျိုးပြည်နယ်တွင် အင်အားပြင်းမုန်တိုင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံးခဲ့ပြီး ပျက်စီးမှုများပြားခဲ့သည်။

ဧပြီလ တတိယပတ်တွင်ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခတ်မှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြင်းထန်သည့် လေဆင်နှာမောင်းသည် တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ် Baiyun ခရိုင်အနှံ့အပြားအား ဖြတ်သန်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူနေအဆောက်အဦး အများအပြား ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ရာသီဥတုဆိုးဝါးမှုနှင့် မကြာခဏရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် သတင်းပတ်တွင်လည်း Guangdong ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၃၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး စက်ရုံအဆောက်အဦး ၁၄၀ ကျော်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews/22119

PAN