(ပြည်တွင်း)ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာအုပ်စု၊ ဥယျာဥ်ကြီးကျေးရွာတွင် ယမန်နေ့ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင် တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ပြီး ဓား နှင့်ပါ ခုတ်သတ်သွားကြောင်း သိရှိရသည်။
ဖြစ်စဥ်မှာ ဥယျာဥ်ကြီးကျေးရွာနေ ဦးအောင်ဝင်း၊ အသက် ၅၇ နှစ်(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)(ပြည်သူ့စစ်အဖွဲ့ဝင်)သည် လုပ်ငန်းကိစ္စဖြင့် အပြင်မှပြန်လာရာ ရွာထိပ် တံတားပေါ်အရောက်တွင် အကြမ်းဖက် သမား ၈ ဦးက သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ပြီး ဦးခေါင်းအား ဓါးဖြင့်ခုတ်ခဲ့ရာ ဦးအောင်ဝင်းမှာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။
Telegram>>…
https://t.me/positiveanglenews/22073