၂၀၂၅-၂၆ ရာသီမှ စတင်ပြီး ဝတ်စုံစပွန်ဆာအဖြစ် Adidas နှင့် လီဗာပူးလ်အသင်း လက်တွဲဖွယ်ရှိ


(အားကစား) ဧပြီ ၂၅

လီဗာပူးလ်အသင်းဟာ ၂၀၂၅-၂၆ ရာသီမှစတင်ပြီး အသင်းဝတ်စုံစပွန်ဆာအဖြစ် ကမ္ဘာကျော်အားကစား ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Adidas နှင့် လက်တွဲဖွယ်ရှိတယ်လို့ သိရပါတယ်။

ဂျာမန်အခြေစိုက်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Adidas ဟာ လီဗာပူးလ်အသင်းကို ဝတ်စုံစပွန်ဆာ ပေးရန်အတွက် Nike ၊ Puma တိုထက် ပိုမိုများပြားတဲ့ ငွေကြေးတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ် နေပါတယ်။

လီဗာပူးလ်အသင်းဟာ ယခင်လက်တွဲခဲ့တဲ့ New Balance နှင့်လမ်းခွဲပြီးနောက် ၂၀၂၀-၂၁ ရာသီမှ စတင်ကာ Nike နှင့် လက်တွဲခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဝတ်စုံစပွန်ဆာကြေးအဖြစ် Nike ထံမှ တစ်ရာသီ ကို ပေါင်သန်း ၃၀ ရရှိနေပြီး ဆုကြေးများကို ထည့်တွက်မည်ဆိုပါက ပေါင်သန်း ၅၀ ဝန်းကျင်ခန့် ရရှိနေကြောင်း သိရပါတယ်။

Sport Business ရဲ့ဖော်ပြမှုအရ လီဗာပူးလ်အသင်းအနေနဲ့ Adidas နှင့် လက်တွဲဖြစ်ခဲ့ပါက စပွန်ဆာကြေး အဖြစ် တစ်ရာသီ ပေါင်သန်း ၅၀ နှင့်အထက် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လီဗာပူးလ် အသင်း အနေနဲ့ Adidas ထံမှ ပရီးမီးယားလိဂ်တွင် စပွန်ဆာကြေးအမြင့်ဆုံး ရရှိနေတဲ့ မန်ယူအသင်း ပေါင်သန်း ၉၀ ကိုမူ လိုက်မီမည်မဟုတ်ကြောင်း သိရပါတယ်။

Adidas ဟာ ဂျာမနီလက်ရွေးစင်အသင်းနှင့် လမ်းခွဲပြီးနောက် ထိပ်တန်းအသင်းကြီး တစ်သင်းကို စပွန်ဆာပေးရန် အသည်းအသန်အလို့ရှိနေတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22007

PAN