၂၀၂၄ ခုနှစ် Laureus Awards ဆုအား ငါးကြိမ်မြောက်အဖြစ် တင်းနစ်အကျော်အမော် ဂျိုကိုဗစ် ရရှိ”


(အားကစား) ဧပြီ ၂၅

၂၀၂၄ ခုနှစ် Laureus Awards ဆုကို ငါးကြိမ်မြောက်အဖြစ် ကမ္ဘာ့အကောင်းဆုံး အားကစားသမား Greatest of All Time (Goat)စာရင်းဝင် တင်းနစ်ကစားသမား ဂျိုကိုဗစ် ရရှိခဲ့ပါတယ်။

ဂျိုကိုဗစ် ဟာ Laureus Awards ကို ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်နှင့် ယခု ၂၀၂၄ ခုနှစ်တွင် တစ်ကြိမ်တို့နဲ့ စုစုပေါင်း (၅)ကြိမ်မြောက်အထိ ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ဆုပေးပွဲကို ဧပြီလ ၂၃ ရက် က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်အတွက် အားကစားနယ်ပယ်အသီးသီးမှ အကောင်းဆုံးကစားသမားတစ်ဦးချင်းအလိုက် ၆ ဦးနှင့် အသင်းအလိုက် ၂ သင်းတို့ကို ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

Laureus Awards ကို ၂,၀၀၀ ပြည့်နှစ်မှစတင်ကာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆုရွေးချယ်ရာမှာ ဂန္ထဝင် ကစားသမားဂျူရီ ၆၉ ဦးပါဝင်တဲ့ အဖွဲက ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကာ အဆိုပါဆုဟာ အားကစားလောကမှာ ဂုဏ်သိက္ခာ အရှိဆုံး ဆုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆုရွေးချယ်ပေးအပ်ရာမှာ တစ်ဦးခြင်းကစားရတဲ့ တင်းနစ်၊ ပြေးခုန်ပစ်၊ ပြိုင်ကားမောင်း၊ ဂေါ့ဖ် အစရှိတဲ့ အားကစားနည်းများမှ တစ်ဦးချင်း ကစားသမားများကို ရွေးချယ်ချီးမြှင့်တဲ့အပြင် အသင်းလိုက် ကစားနည်းများ ဖြစ်တဲ့ ဘောလုံး၊ ဘတ်စ်ကက်ဘော၊ ဘော်လီဘော၊ ဟော်ကီ စသည့် ကစားသမားများထဲမှလည်း ရွေးချယ်ချီးမြှင့် လျက်ရှိပါတယ်။

ပထမဆုံးအ‌နေနဲ့ အသင်းလိုက် ကစားနည်းမှ ဆုရရှိခဲ့သူမှာ လီယွန်နယ်မက်ဆီ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်ရရှိခဲ့ဖူးပါတယ်။

Telegram»…
https://t.me/positiveanglenews/22008

PAN