ဥရောပ၌ ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန်များ ဆက်တိုက်မြင့်တက်


(နိုင်ငံတကာ) ဧပြီ ၂၅

ဥရောပနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန်များ ဆက်တိုက်မြင့်တက် လျက်ရှိပြီး ဥရောပတောင်ပိုင်းတွင်ရှိသော နေရာများအနက်မှ ၄၁ ရာခိုင်နှုန်းသော နေရာများသည် အလွန်အမင်း အပူဖိစီးမှုများကို ရင်ဆိုင်နေရသောနေရာများအဖြစ် ဥရောပအခြေစိုက် ရာသီဥတုစောင့်ကြည့်ရေးဝန်ဆောင်မှု (Copernicus)နှင့် ကမ္ဘာ့မိုးလေဝသအဖွဲကြီး (WMO)တိုက ဧပြီလ ၂၂ ရက်က အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။

ဥရောပနိုင်ငံများဖြစ်သော စပိန်၊ ပြင်သစ်၊ အီတလီနှင့် ဂရိနိုင်ငံနေရာ အတော်များများတွင်လည်း ပြင်းထန်သော အပူဖိစီးမှုနှင့် ရင်ဆိုင်နေရပြီး ဥရောပတွင် အပူနှင့်ဆက်စပ်သော ရောဂါများကြောင့် သေဆုံးရမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်းကထက် သေဆုံးမှုနှုန်းများသည် ၃၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် သိပ္ပံနဲ့နည်းပညာဖွံဖြိုးတိုးတက်မှုများက ရာသီဥတုဖောက်ပြန်မှုတွေကို ပိုမိုဆိုးရွားစေကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ပိုမိုဖြစ်ပေါ်စေပြီး အပူလွန်ကဲခြင်းက ပြင်ပမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားများနှင့် သက်ကြီးရွယ်အိုများမှာ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ဆီးချိုရောဂါတို့လို ရောဂါအခံရှိသူတွေအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း Copernicus ရာသီဥတုပြောင်းလဲမှုဝန်ဆောင်မှု၏ ဒါရိုက်တာ ကာလိုဘူအိုတမ်ပို ကပြောကြားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22000

PAN