ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ EPS Topik အတန်းများဖွင့်လှစ်မည်


(ပြည်တွင်း) ဧပြီ ၂၅

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)မှာ ကိုရီးယား EPS-TOPIK အတန်းကို ယခုလ ဧပြီလ ၂၉ ရက် ကနေ စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရပါတယ်။

ဝင်ခွင့်လျှောက်လွှာပုံစံများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနမှာ ထုတ်ယူပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားသူဟာ အနိမ့်ဆုံး တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင် ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာများကို တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ် မူရင်းနှင့် မိတ္တူ (သို့) ဘွဲလက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

လျှောက်လွှာများကို မေလ ၉ ရက်အထိ လက်ခံမှာဖြစ်ပြီး မေလ ၁၁ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းကာလခြောက်လ ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းများကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီ အထိ သင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းသာ တက်ရောက်နိုင်မည်ဖြစ်ပြီး အသေးစိတ် စုံစမ်းလိုပါက ဖုန်း ၀၉-၄၂၈၂၂၇၄၈၄၊ ၀၉-၇၉၁၂ ၆၉၇၉၈၊ ၀၉-၄၅၀၀၂၇ ၂၆၃၊ ၀၉-၄၄၂၂၅၃၈၁၂ တိုကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews/21995

PAN