မိုးသီးရွာသွန်းမှုကြောင့်ပျက်စီးသွားသည့် နေအိမ်များပြင်ဆင်ရန်အခက်အခဲဖြစ်ပေါ်နေ

(ပြည်တွင်း) ဧပြီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လဂျားဘွမ်၊ ရှင်လုံ၊ ပိန္နက်၊ မကော၊ ဓာတ်ဆီကမ့်(ပ်)၊ လမုန် အစရှိကျေးရွာများ၌ ဧပြီ ၂၃ ရက်နေ့ ညပိုင်း၌ မိုးသက်လေပြင်းနှင့်အတူ ကြက်ဥအရွယ် ပမာဏရှိသည့် မိုးသီးများကျ ရောက်ခဲ့သည့် ဒဏ်ကြောင့် ထိုကျေးရွာများရှိ နေအိမ်တိုင်း ခေါင်မိုးပေါက်သည်အထိ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ပျက်စီးသွားသော နေအိမ်များအား ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသည့်အချိန် အတွင်း ဧပြီ၂၅ ရက်နေ့ ညပိုင်းတွင် ဒုတိယအကြိမ် လေပြင်းတိုက်မိုးသီးကျရောက်သည့်ဒဏ်ကြုံတွေ့ခဲ့ကြရသည်။

တနိုင်း ဒေသခံပြည်သူများအဖြင့် ၎င်းတို့နေအိမ်ပြန်လည်ပြုပြင်ရန် ငွေကြေး အလွန်အခက်အခဲရှိနေ​ရကြောင်း ဧပြီ ၂၄ ရက်နေ့ည က ဒုတိယအကြိမ်ကျရောက်ခဲ့သော လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသီးများကျရောက်ခဲ့မှုဒဏ်ကြောင့် ရှင်လုံကျေးရွာမှ နေအိမ် (၃)အိမ်ပြိုကျပျက်စီးသွားပြီး ပိန္နက်ကျေးရွာတွင်နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်မှ ကျေးရွာ (၆)ရွာသို့ မိုးသီးကျရောက်သည့်ဒဏ်ကြောင့် နေအိမ် ၁၀၀ ကျော်ခန့်နှင့်စိုက်ခင်း၂၅ဧကခန့်ပျက်စီးသွားကြောင်း ဒေသခံများထံက ​သိရသည်။

@PAN