မော်ဝမ်းကျေးရွာမှ လူငယ်တစ်ဦးကိုအမည်မသိလက်နက်ကိုင်များမှ လာရောက်ပစ်ခတ်သတ်ဖြတ်

(ပြည်တွင်း)ဧပြီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊မော်ဝမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးတွင်နေထိုင်သော အသက် ၃၄ နှစ်အရွယ် လူငယ်တစ်ဦးအား အမည်မသိလက်နက်ကိုင်များမှ လာရောက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ လူငယ်မှာ ယနေ့ ဧပြီလ၂၄ ရက်နေ့ ညနေ ၃း၃၀ နာရီချိန်ခန့်က အထည်ဆိုင်တစ်ဆိုင်တွင် ပစ်ခတ်ခံခဲ့ ရကြောင်း သိရသည်။

ပစ်ခတ်ခံရသူမှာ အသက် (၃၄ )နှစ်အရွယ် ဦးသန့်ဇင်ဦး ဆိုဖြစ်ပြီး ထိုလူငယ်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်းသိရသည်။

ယင်းလူငယ်မှာ ရပ်ကွက်အတွင်း မီးသတ်ကြေး၊မီးခွန်ကြေးဟုဆိုကာ ငွေကြေးများ လိုက်လံကောက်ခံနေသည့် သူတစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရပြီး မည်သည့်အကြောင်းကြောင့်သတ်ဖြတ်ခဲ့သည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံများထံက သိရသည်။

#PAN