မိုင်ခွန်ရွာအဝင်တွင် သတ်ဖြတ်ခံထားရသည့် လူငယ်အလောင်းတွေ့ရှိ

(ပြည်တွင်း) ဧပြီ ၂၃

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“transform”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}

ကချင်ပြည်နယ် တနိုင်းမြို့နယ် မိုင်ခွန်ရွာအ၀င်ထိပ်လမ်းခုလပ်နေရာတွင် သတ်ဖြတ်ခံထားရသည့် (၂၅) နှစ်အရွယ် လူငယ်တစ်ဦး၏ ရုပ်အလောင်း တစ်​လောင်းတွေ့ရှိရသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

သတ်ဖြတ်ခံရသူမှာ ကျင်းလုပ်သားဖြစ်သူ ကိုစိုးမိုးအောင် ဆိုသူဖြစ်ပြီး ရက်စက်စွာအသတ်ခံထားရကာ ယင်းနေရာ၌ပင်လှဲသေဆုံးနေသည်ကိုတွေ့ရှိရ သည်ဟု ဒေသခံများကပြောသည်။

ကျင်းလုပ်သား ကိုစိုးအောင်ကို မည်သူကသတ်ဖြတ်သွားသည် မည်သည့်အကြောင်းကြောင့်သတ်ဖြတ်ရသည်ကိုမူ လုံး၀မသိရှိရသေးကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။