ဇေယျာသီရိမြို့နယ် ပေါင်းလောင်းမြစ်အတွင်း လူငယ်တစ်ဦးထပ်မံ ရေနစ်သေဆုံး


(ပြည်တွင်း)ဧပြီ ၂၄

ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းရေအားလျှပ်စစ်အခြေစိုက်ဝန်း၊ ရေစက်အနီး၊ ပေါင်းလောင်းမြစ်ကမ်းစပ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ် အချိန်ခန့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးသူမှာ မောင်အောင်ပြည့်စုံ၊ အသက် ၁၇ နှစ်၊ (ဘ)ဦးရန်နိုင်ထွန်း၊ ပြည်စံအောင်ရပ်ကွက်၊ ဇေယျာသီရိမြို့နယ်နေသူဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ သေဆုံးသူသည် သူငယ်ချင်း အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦးတို့နှင့် အတူ အလည်လာရောက်ပြီး အရက်သောက်စားကာ မြစ်တွင်းရေဆင်းကူးကြရာ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ၎င်းမှာ ရေနစ်မြုပ်သွား၍ ရေကူးကျွမ်းကျင်သူ‌ ရေစက်မောင်း ကိုနေမျိုးအောင် မှ ရှာဖွေဆယ်ယူပေးရာ ၁၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ဆယ်ယူရရှိကြောင်း သိရှိရသည်။

ရေနစ်သေဆုံးသူ၏ အလောင်းအား နာရေးကူညီမှုယာဉ်ဖြင့် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထား​​​​​ကြောင်း၊ ယခုအတွင်း ပေါင်းလောင်းမြစ်အတွင်း ရေနစ်မြုပ်သေဆုံးသူမှ ၆ ဦး ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/21957

PAN