ဇေယျာသီရိမြို့နယ်တွင် စီးပွားရေးအဆင်မပြေသဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး


(ပြည်တွင်း) ဧပြီ ၂၄

​နေ​ပြည်​တော်​ ဇေယျာသီရိမြို့နယ်၊ စည်ပင်သာယာကျေးရွာနှင့် ကျည်တောင်ကျေးရွာကြားရှိ(ငါးဖယ်အင်)တံတားတွင် ယ​နေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးသူမှာ ရဲဝင်း၊ အသက် ၃၀ နှစ်၊ (ဘ)ဦးသောင်းတင်၊ စည်ပင်သာယာကျေးရွာ၊ ကျည်တောင်အုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူဖြစ်ပြီး ငါးဖယ်အင်းတံတား‌ဘောင် မြောက်ဘက်ဘေးတွင် အပြာ/အနီရောင်(လက်သန်းလုံးခန့်) နှစ်ပင်လိန်ပလပ်စတစ်ကြိုးအရှည်(၁၃)ပေခန့်ရှိ ကြိုးစတစ်ဖက်အား အမြင့်(၁၂)ပေခန့်ရှိ တံတားဘောင်အားချည်၍ ကြိုးစတစ်ဖက်အား လည်ပင်းကိုချည်နှောင်ကာ ကြိုးတန်းလန်းဖြင့် အနောက်ဘက်သို့ မျက်နှာမူပြီး‌ ခြေဖျားနှင့် မြေကြီး(၁)ပေခွဲခန့်အကွာ၊ လည်ပင်းမှတံတားဘောင်(၈)ပေခန့်အကွာ၊အနေအထားဖြင့် သေဆုံးနေပြီး ပြင်ပဒဏ်ရာမတွေ့ရကြောင်း၊ လက်ချောင်းများကွေးလျက် သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူ ရဲဝင်းသည် ၎င်းနေအိမ်တွင် ဖခင်ဦးသောင်းတင်၊ ဇနီးမသဲသဲနှင့် အသက် ၄ နှစ် အရွယ်သမီး(၁)ဦးတို့နှင့် အတူနေထိုင်ကြောင်း၊စီးပွားရေးအဆင်မပြေ၍ ကြိုးဆွဲချသေဆုံးနိုင်ကြောင်း၊ အရက်‌တစ်ခါတရံသောက်စားတတ်ကြောင်းသိရှိရပြီး အလောင်းအား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/21956

PAN