(ပြည်တွင်း) ဧပြီ ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ ခမရ (၁၁၆) တပ်ရင်း၏ ဆယ်ဇင်းရှေ့တန်းတပ်စခန်းကို အကြမ်းဖက်သောင်းကျန်းသူ KIA /PDF အဖွဲ့ မှသာလွန်အင်အားဖြင့် ဧပြီ ၉ ရက်နေ့မှ စတင်ကာ စခန်းအား ထိန်းချုပ်နိုင်ရေးပိတ်ဆို့ကာတိုက်ခိုက်နေခဲ့ကြောင်း သိရသည်။
တိုက်ပွဲကာလ ၁၅ ရက်ကြာအောင် ပိတ်ဆို့ တိုက်ခိုက်ခဲ့သော်လည်း စခန်းပေါ်ရှိ တပ်ဖွဲ့၀င်များအနေဖြင့် စခန်းမကျရေး နောက်ဆုံးအချိန်ထိခုခံတိုက်ခိုက်နေကြကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၂၃ ရက်နေ့ည သန်းခေါင်ယံချိန်မှစပြီး ပစ်ခတ်သံများလုံး၀တိတ်ဆိတ်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက်သောင်းကျန်းသူများဘက်မှ သေဆုံးမှု များပြားနေပြီ အတိအကျ မသိရသေးကြောင်း ဒေသခံသတင်းသတင်းရင်းမြစ်များထံကသိရသည်။
#PAN