2024 Laureus World Sports Awards ဆုများပေးအပ်

ဧပြီ ၂၃

2024 Laureus World Sports Awards ဆုပေးပွဲရဲ့ တစ်နှစ်တာအတွင်း အအောင်မြင်ဆုံး အားကစားသမားဆုကို ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ကစားသမား ဂျုဒ့် ဘင်လယ်ဟမ်က ဆွတ်ခူးရရှိခဲ့ပြီး တစ်နှစ်တာရဲ့ အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကိုတော့ ဘာစီလိုနာအသင်းရဲ့ စပိန်ကစားသမား ဘွန်မာတီကရရှိခဲ့ပါတယ်။

ထို့အပြင် 2024 Laureus World Sports Awards ဆုပေးပွဲရဲ့ အဓိကဆုကြီးဖြစ်တဲ့ Sportsman of the Year ဆုကိုတော့ ဆာဘီးယား တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်က (၅)ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ကြောင်း သိရပါတယ်။