အကောင်းဆုံးဂိုးသမားဆုရရှိဖို နီးစပ်နေတဲ့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ


(အားကစား) ဧပြီ ၂၃

အာဆင်နယ်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ရာယာ ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆု(ရွှေလက်အိတ်ဆု)ရရှိရန် အလွန်နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေးဗစ်ရာယာ ဟာ ဘရန့်ဖိုဒ် အသင်းမှ အာဆင်နယ်အသင်းသို အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ် ၂၇ ပွဲ ယှဉ်ပြိုင်ကစားရာမှာ ဂိုးမပေးရတဲ့ Clean Sheet ပွဲပေါင်း ၁၃ ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်ရာယာ ဟာ ဒုတိယနေရာမှ အနီးဆုံးပြိုင်ဘက်ထက် ၃ ပွဲအသာရထားပြီး ပြိုင်ပွဲပြီးဆုံးရန်မှာလည်း နောက်ထပ် ၅ ပွဲသာ ကျန်ရှိတော့တဲ့အတွက် ရွှေလက်အိတ်ဆုရရှိရန် ရေပန်းစားနေတာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/21945

PAN