ဟားမတ်စ်တို၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန်ပျက်ကွက်မှုအတွက် အစ္စရေးထောက်လှမ်းရေးမှူးချုပ် နုတ်ထွက်


(နိုင်ငံတကာ) ဧပြီ ၂၃

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖြစ်ပွားသော ဟားမတ်တို့၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန် ပျက်ကွက်မှုအတွက် အစ္စရေးထောက်လှမ်းရေးမှူးချုပ် က ရာထူးမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်စ်တို့ တိုက်ခိုက်မည့် ထောက်လှမ်းရေးသတင်းကို ရရှိအောင်ဆောင်ရွက်ရန် ထောက်လှမ်းရေးဌာနအနေဖြင့် တာဝန်ပျက်ကွက်ခဲ့သည့်အတွက် အစ္စရေးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးက ဧပြီလ ၂၂ ရက်တွင် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော် က ထုတ်ပြန်ထားသည်။

ဟားမတ်စ်တို့သည် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ နယ်စပ်ကို ချိုးဖောက်ဝင်ရောက်ခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများ လုပ်ဆောင်သည့်အတွက် အစ္စရေး နိုင်ငံသား ၁,၂၀၀ ခန့် သေဆုံးခဲ့သည်။

ထို့နောက် အစ္စရေးက လက်တုံပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ရာ ဂါဇာကမ်းမြောင်ဒေသ၌ လူပေါင်း ၃၄,၀၀၀ ကျော်သေဆုံးသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲမှုများ အကြိမ်ကြိမ် ရရှိခဲ့သော်လည်း ယနေ့အချိန်ထိ ဟားမတ်စ်တို့လက်တွင်း၌ အစ္စရေးဘက်မှ ဓားစားခံအယောက် ၁၀၀ ခန့် ကျန်ရှိနေသေးသည်။

ဧပြီလ ၇ ရက်တွင် ကိုင်ရိုမြို့၌ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်ရာ ဟားမတ်စ်တို့က အစ္စရေးဓားစာခံအယောက် ၄၀ ကို လွှတ်ပေးရန်၊ အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား ၉၀၀ ကို လွှတ်ပေးရန် အဆိုတင်သွင်းမှုအပေါ် ဆွေးနွေးမှုများ လုပ်ဆောင်သည်။

သို့သော် ဟားမတ်စ်အဖွဲ့က ထိုသို့ အဆို တင်သွင်းမှုကို လက်မခံဘဲ ၎င်းတိုကိုယ်တိုင်ရေးဆွဲထားသည့် ဒေသတွင်း ထာဝရပဋိပက္ခချုပ်ငြိမ်းရေး အစီအစဉ်ကို သီးသန့် တင်သွင်းမည်ဟု ပြောထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews/21941

PAN