စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး ဖြစ်တဲ့ အင်တာမီလန်အသင်း


(အားကစား) ဧပြီ ၂၃

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က ကစားခဲ့တဲ့ မီလန်ဒါဘီမှာ အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို အနိုင်ရရှိပြီး စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ချန်ပီယံဆုဟာ အင်တာမီလန်အသင်းအတွက် အကြိမ် (၂၀) မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ၄ နှစ် အတွင်းမှာ ရခဲ့တဲ့ဒုတိယမြောက်စီးရီးအေချန်ပီယံဆု ဖြစ်ခဲ့ပါတယ်။

အင်တာမီလန်အသင်း နောက်ဆုံး စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးခဲ့တာကတော့ ၂၀၂၀ −၂၁ ဘောလုံးရာသီက ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ရာသီပြီးဆုံးရန် ၅ ပွဲအလိုမှာ အေစီမီလန်အသင်းကို ရမှတ် ၁၇ မှတ် ဖြတ်နိုင်ခဲ့တဲ့အတွက် ရာသီမကုန်ဆုံးမီမှာ စီးရီးအေချန်ပီယံ ဖြစ်ခဲ့တာ
ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/21944

PAN