ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ့် F.De Jong

ဧပြီ ၂၃

ဘာစီလိုနာအသင်း၏ နယ်သာလန်ကွင်းလယ်ကစားသမား F.De Jong သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။

De Jong ဟာ ရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် El Clasico ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ဗယ်လ်ဗာဒီနှင့် ဘောလုံးယှဉ်လုရာမှ အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆေးစစ်ဆေးမှုများအရ (၆)ပတ်၀◌န်းကျင်အထိ အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ကြောင့် De Jong အနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ ယူရို- ၂၀၂၄ ပြိုင်ပွဲ၌ နယ်သာလန်အသင်းအတွက် ကစားနိုင်ရန်သာ ကြိုးပမ်းရတော့မည်ဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိ De Jong ဟာ ၂၀၁၉ ခုနှစ်တွင် အေဂျက်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို(၇၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စတင်ရောက်ရှိချိန်ကတည်းက အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။