ဧပြီ ၂၂
မနေ့က ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၀) အဖြစ် ကစားခဲ့တဲ့ ပွဲမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်အသင်းဟာ ဒေါ့မွန်ကို နောက်ခံလူ စတန်ဆစ်ရဲ့ နောက်ကျမိနစ် သွင်းဂိုးကြောင့် ၁-၁ ဂိုး သရေရခဲ့ပြီး ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
အိမ်ရှင်ဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ အဆင့် ၄ နေရာ ဝင်ခွင့်ရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အဆိုပါသရေပွဲကြောင့် လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲ စုံ ၄၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်နဲ့ ခရီးဆက်နေပါတယ်။