အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများရှိနေစဉ် တူကီယဲသမ္မတနှင့် ဟားမတ်စ်ခေါင်းဆောင်တို တွေ့ဆုံ


ဧပြီ ၂၂

တူကီယဲသမ္မတ အာဒိုဂန် သည် ဧပြီလ ၂၀ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဟားမတ်စ်အုပ်စု ခေါင်းဆောင် အစ္စမေးလ်ဟာနီယာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တူကီယဲသမ္မတနှင့် ဟားမတ်ခေါင်းဆောင်တို့သည် ဂါဇာကမ်းမြောင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့နိုင်ရေး၊ ပါလက်စတိုင်းဒေသငြိမ်းချမ်းမှုရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း တူကီယဲဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၀ ရက် ဆွေးနွေးပွဲသည် ခုနစ်လကြာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း တူကီယဲသမ္မတ အာဒိုဂန်နှင့် ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။

ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ သည် ကာတာနိုင်ငံ ဒိုဟာမြို့၌ တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သုံးရက်အကြာတွင် တူကီယဲသမ္မတ အာဒိုဂန်နှင့် ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများရှိနေစဉ် တူကီယဲသမ္မတနှင့် ဟားမတ်စ် ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

မြောက်အတ္တလန္တစ်စာချုပ်အဖွဲ(နေတိုး) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူကီယဲသည် အစ္စရေး၏ ဂါဇာထိုးစစ် များကို ဝေဖန်ရှုတ်ချထားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/21915

PAN