ကချင်ပြည်နယ်မြေပြင်အခြေအနေ


ဧပြီ ၂၂

-ဗန်းမော်မြို့
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာပြီး မိုးသက်လေပြင်းနှင့်အတူ မိုးသီးများကျရောက်ခဲ့ခြင်းကြောင့် ကကံသာကျေးရွာနှင့် သပြေကုန်းကျေးရွာများရှိ နေအိမ်အဆောက်အဦအချို့ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ကွမ်းသီးလုံးအရွယ်ခန့်ရှိ‌သော မိုးသီးဒဏ်ကြောင့် အဆိုးဆုံးပျက်စီးဆုံးရှုံးမှုများမှာ နေအိမ် အမိုးလန်ခြင်း၊ အမိုးများပေါက်ပြဲခြင်းများနှင့် လမ်းမီးဓါတ်တိုင်များပြိုလဲခြင်းအပြင် စာသင်ကျောင်း အချို့ ပျက်စီးမှုများရှိခဲ့ကြောင်း ဆုံးရှုံးမှုတန်ဘိုးကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

-ဝိုင်းမော်မြို့
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ၊ အမှတ်(၄)ရပ်ကွက်၊ မုတ်လွဲလမ်းဆုံတံတားအနီးတွင် ကိုဇော်မျိုးထက်ဆိုသူ အမျိုးသားမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို တွဲကားတစ်စီးက၀င်တိုက်သွားသဖြင့် ဆိုင်ကယ်သမားမှာ ဦးနှောက်ပွင့်ထွက်သည့် ဒဏ်ရာဖြင့်အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း၊ သေဆုံးသူမှာ ရွှေညောင်ပင်ကျေးရွာတွင် နေထိုင်သူအသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင် တွဲကားမောင်းသည့် ယာဉ်မောင်းကို ဝိုင်းမော်မြို့မ ရဲစခန်းတွင်ဖမ်းဆီးထားပြီး သေဆုံးသူ၏ရုပ်အလောင်းကို ချက်ချင်းသင်္ဂြိုလ်ပေးလိုက်ရကြောင်း လိုက်လံကူညီပေးခဲ့သည့် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်း၏တာဝန်ရှိသူများထံက သိရသည်။

-ရွှေကူမြို့နယ်
ဧပြီလ ၂၂ ရက်နေ့ နံနက်ထိ ၏ရွှေကူမြို့နယ်အတွင်း စစ်ရေးအခြေအနေဖြစ်ပွားနိုင်သော မည့်သည့်ဖြစ်စဉ်မျှမရှိဘဲ ကချင်အကြမ်းဖက် KIA/PDF တို့မှ ၎င်းတို့၏ တပ်သားသစ်စုဆောင်းမှုများကိုမူ မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများ၌ နေ့စဉ်လူသစ်စုဆောင်းနေသည့်အတွက် ဒေသခံလူငယ်အများအပြား နေရပ်တိမ်းရှောင်လာလျက်ရှိနေကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/21909

PAN