KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ ထိခိုက်သေဆုံးများစွာဖြင့် ထိုင်း – မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား မှ ဆုတ်ခွာထွက်ပြေးရ

ဧပြီ ၂၁

     တပ်မတော်မှ ယာယီ ခြေကုပ်ယူထားသော ချစ် ကြည်ရေးတံတား(၂)ကို KNLA နှင့် PDF အကြမ်းဖက်အဖွဲ့များက သာလွန်အင်အားဖြင့်ဧပြီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်မှ စတင်၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့ညတွင်လည်း  အင်းအားအသာဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

      ထိုသို့ လာရောက်တိုက်ခိုက်မှု တပ်မတော်မှ စနစ် တကျ ခံစစ်ဆင်ပြန်လည်တိုက်ခိုက်ခဲ့သည့်အပြင် တပ်မတော်(လေ)မှ  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်၊ ဗုံးကြဲ လေယာဥ် များဖြင့် ညနေ ၅ နာရီခွဲအချိန် ထိ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းကြောင့် အကြမ်းဖက်အဖွဲ့များ အမှတ်( ၅) ရပ်ကွက် အတွင်း ပြန်လည်ဆုတ်ခွာသွားပြီး တပ်မတော်မှ ရန်သူများအားပိတ်ဆို့ထားပြီး ရှင်း လင်းမှုများပြုလုပ်နေသည်ဟု သိရပါသည်။

       ယမန်နေ့ည ထိုင်း – မြန်မာချစ်ကြည်ရေးတံတား (၂) တိုက်ပွဲဖြစ်စဥ်တွင် အကြမ်းဖက် PDF များ အသေ အပျောက်များခြင်းကြောင့် လူအင်အားထပ်မံဖြည့်ရန် လိုအပ်လာသည့်တွက် ရွေမြစန္ဒီတိုးချဲ့ကွက်သစ်၊ ယခင်ရာအိမ်မှူး ဇော်မင်းဦး ကို လူသစ်စုဆောင်ရန် ထိုင်းနိုင်ငံ မဲဆောက်ရှိစက်ရုံများသို့ တာဝန်ပေးစေလွတ်လိုက်ကြောင်း၊ ACC ရဲမင်းနှင့်ချိတ်ဆက်၍ တစ်ရက်ကို ဘတ်တစ်ထောင် ပေးမည်ဟု စည်းရုံးလူသစ်စုဆောင်နေကြောင်း အတည်မပြုရသေးသော သတင်းများအရ သိရပါသည်။

      အဆိုပါ ချစ်ကြည်ရေးတံတားအမှတ်(၂) တိုက်ပွဲဖြစ်စဥ်တွင် သေဆုံးသူများတွင် မြဝတီမြို့၊အမှတ် ၅ ရပ် ကွက်၊ဒေါ်ခင်ခင်ထား(ခ) ဒေါင်းခင်ခင်[၅၀၅ (က) တရားခံ ပြေး] ၏သား နေမင်းမိုး(PDF)လည်း ပါဝင်ကြောင်း မြဝတီမြို့မြို့ခံများထံမှ သိရသည်။

      အာရှလမ်းဆုံ (မြို့တွင်းသို့သွားသောလမ်းနှင့် အမှတ်(၂)တံတားသို့သွားသောလမ်းဆုံ)၏ အနောက်ခြမ်း အမှတ်(၆)ရပ်ကွက်ဂိုဒေါင်များ၊ ၂ ထပ်၊ ၃ ထပ်တိုက်များမှ ရန်သူများသည် မြို့ တွင်းသို့ ဝင်ရန် ဖြန့်ထားခဲ့သည်။ ၎င်းတို့သည် ရေပူစမ်းရွာ အနီးမှစ၍ သောင်ရင်းမြစ်ကမ်းဘေးအတိုင်းအမှတ် (၂)တံတားဘက် ချဉ်းကပ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးဒါဏ်ရာရများကို ချောင်းဆုံ ရာဘာတောသို့ ကားများဖြင့်သယ် ဆောင်နေကြောင်း သတင်းရရှိပါသည်။

#PAN