KNU ပစ်ခတ်မှုကြောင့် မြဝတီမှ အပြစ်မဲ့ပြည်သူ မိသားစုတစ်ချို့သေဆုံး(မြဝတီနောက်ဆုံးအခြေအနေ)

(ပြည်တွင်း) ဧပြီ ၂၁

မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း KNU /PDF များ၏ပစ်ခတ်မှုကြောင့် မြို့ခံအချို့သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၀ ရက်နေ့က မြဝတီမြို့တွင်နေထိုင်သည့် ဦးကျော်စွာ မိသားစုသည် တိုက်ပွဲများကြောင့် နေအိမ်မှ ကားဖြင့်ထွက်ခွာလာစဥ် လမ်းပိုင်းတစ်နေရာ၌ KNU/PDF အဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရကြောင်းသိရသည်။

KNU /PDF များ၏ ပစ်ခစ်မှုကြောင့် ဦးကျော်စွာနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ယာဉ်ပေါ်၌ လိုက်ပါလာသည့် ၎င်း၏ သမီးဖြစ်သူနှင့် ချွေးမဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

မြဝတီမြို့၏ နောက်ဆုံးအခြေအနေမှာ KNU/PDF များမှာ မြို့တွင်းသို့ဝင်ရောက်ရန်အတွက် မြို့တွင်းသို့ဝင်သည့်လမ်းနှင့် အမှတ်(၂)တံတားသို့သွားသည့် လမ်းဆုံရာ အာရှလမ်းဆုံ၏ အနောက်ခြမ်းရှိအမှတ် ၆ ရပ်ကွက်အတွင်းမှ ဂိုဒေါင်များ၊ ၎င်းရပ်ကွက်အတွင်းရှိ ၂ ထပ်တိုက်နှင့် ၃ ထပ်တိုက်များသို့ ဝင်ရောက်ဖြန့်ကျက်နေသကဲ့သို့ ရေပူအနီးမှစ၍ သောင်ရင်းမြစ်ကမ်းဘေးအတိုင်းအမှတ်၂တံတားဘက်ချဉ်းကပ်နေကြောင်း PAN ၏ မြဝတီစစ်ရေးစောင့်ကြည့်နေသော သတင်းအရင်းအမြစ်များမှ ပြောသည်။

ယမန်နေ့ တိုက်ပွဲများကြောင့် KNU/PDF များ ကျဆုံးဒါဏ်ရာရရှိသူများပြားခဲ့သည့်အတွက် အလောင်းများနဲ့ဒဏ်ရာရရှိသူများကို ချောင်းဆုံရာဘာတောသို့ကားများဖြင့်သယ်ဆောင်နေပြီး အင်အားဖြည့်သွင်းလာသည့် KNL/PDF များကို ၎င်းရာဘာခြံအတွင်းမှ ခေါ်ယူနေကြောင်း သတင်းအရင်းအမြစ်များ၏ သတင်းပေးပို့ချက်အရ သိရသည်။

#PAN