မြဝတီမြို့နောက်ဆုံးအခြေအနေ

(ပြည်တွင်း) ဧပြီ ၂၀

ကုန်သွယ်ရေးတံတား အမှတ် ၂ နှင့် တပ်မဌာနချုပ် ၄၄ နေရာအား အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်နေပြီး ​ဗိုလ်မှူး စောချစ်သူ နှင့် BGF အဖွဲ့ များ တပ်မတော်ဘက်မှဝင်ကူပေးနေကြောင်းသိရ။ တပ်မတော်လေယာဥ် Y 12 ဖြင့် လေကြောင်းပစ်ခတ်မှုပေးနေကြောင်း သိရသည်။

BGF မှ သဲပုံဂိတ်နေရာမှလည်းကောင်း ဗိုလ်မှူး နိုင်မောင်ဇော်တပ်က တောင်ဖက်ခြမ်းမှလည်းကောင်း စက်သေနတ်ကြီးများ လက်နက်ကြီးများဖြင့်ပစ်ကူပေးလို့သဖြင့် သောင်းကျန်းသူများပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း သိရသည်။

မြဝတီ မြို့အတွင်း၌ ထူခြားမှုမရှိပဲ အမှတ် ( ၂ ) မြန်မာ ထိုင်း ချစ်ကြည်ရေးတံတားတွင် အခြေပြုနေသည့် တပ်မတော်လုံခြုံရေးအဖွဲ့များအား မနက် ၄ နာရီ၄၀ မိနစ်အချိန်တွင် အနီးရှိအထပ်မြင့်အဆောက်အဦမှ စနိုက်ဘာဖြင့် ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ ၈၄ ဖြင့် ၄ လုံးပစ်ခတ်ခဲ့မှုများရှိခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ပစ်ခတ်မှုငြိမ်သက်နေကြောင်းသိရသည်။