မုပွန်အချုပ်ခန်းမှ ထွက်ပြေးသွားသည့် အချုပ်သား ၃ ဦးထဲမှ အချုပ်သား ၁ ဦးကို ဖမ်းဆီးရမိ

(ပြည်တွင်း) ဧပြီ ‌၁၉

မွန်ပြည်နယ်၊ မော်လမြိုင်၊ မုပွန်မြို့နယ်ရှိ အချုပ်ခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် ချုပ်သား ၃ ဦးအနက်မှ တစ်ဦးကို ပြန်လည်ဖမ်းမိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အချုပ်ဖောက်ထွက်ပြေးသူ ၃ ဦးကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များမှ မိတ်ဖက်အဖွဲ့များနှင့်အတူ စောင့်ကြည့်သတင်းရယူဆောင်ရွက်နေဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မုဒုံမြို့နယ်၊ ကျိုက်ရွဲရွာ၊ မုဒုံ-သံဖြူဇရပ်ကားလမ်းမပေါ်တွင် မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်နေ တရားခံ နေစိုးစံ(ခ)နေနိုး (၂၀)နှစ်၊(ဘ)ဦးအေးလွင် ဈေးကြိုရပ်ကွက်၊ မော်လမ်ြုင်နေသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN