ပျော်ဘွယ်မြို့နယ်မှ လျှပ်စစ်ဝန်ထမ်းကို PDF က သေနတ်ဖြင့်ပစ်ခတ်

(ပြည်တွင်း)ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ယင်းတော်မြို့မမှဒဟတ်ကုန်းကျောင်းရွာဘက်သို့သွားသည့် ဒဟတ်ကုန်းကျေးရွာအနီး မြေသားလမ်းပေါ်တွင် လျှပ်စစ်ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်PDFတစ်ဦးမှ သေနတ်နှင့် ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ၅နာရီခွဲအချိန်ခန့်က ဒဟတ်ကုန်းကျေးရွာအနီး မြေသားလမ်းပေါ်တွင် အရှေ့မှအနောက်သို့ ဦးသန်းထိုက်၊၃၆နှစ်၊(ဘ)ဦးခင်မောင်မြင့်(လျှပ်စစ်ဝန်ထမ်း) ဒဟတ်ကုန်းလျှပ်စစ်ဓါတ်အားခွဲရုံ၊ ဝန်ထမ်းအိမ်ယာနေသူမှ မောင်းနှင်ပြီး ဇနီးဖြစ်သူ မစန်းစန်းဦး၊နောက်ထိုင်လိုက်ပါလာသော CZI-125 အပြာရောင်ဆိုင်ကယ်အား မောင်းနှင်လာစဥ် ၎င်းနောက်မှ လျာထိုးဦးထုပ် အနက်ရောင်ဆောင်းလျက်၊အဝါရောင် ရှပ်အင်္ကျီလက်တို ဝတ်ဆင်ထားသည့် အမည်မသိ အမျိုးသား ၁ဦးမှ HONDA-110 ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး ကိုသန်းထိုက်အား ဘယ်လိုမောင်းနေတာလဲဟု အော်ဟစ်ပြောဆိုကာ ရှေ့သို့ကျော်သွားပြီး ဓါတ်အားခွဲရုံနှင့် ၁ဖာလုံခန့်အကွာ လမ်းမပေါ်တွင် သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ကိုသန်းထိုက်တွင် ဝဲဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်နှင့်မေးအောက်တွင် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ချက်ရရှိခဲ့ကာ ယင်းတော်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသစဥ် ကိုသန်းထိုက်မှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

#PAN