ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိ


(ပြည်တွင်း)ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ ဧပြီလ(၁၈)ရက်နေ့မှ ဧပြီလ(၂၇)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကုသိုလ်ကောင်း မှုပြုလုပ်ခြင်းအစီအစဉ်များ၊ ကုန်ပစ္စည်းများရောင်းဝယ်ရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများ၊ အခမဲ့ဇာတ်ပွဲများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ လျက်ရှိပြီး တန်ခူးလပြည့်နေ့တွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် အပါး(၅၀၀)အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းကောင်းမှုကုသိုလ်ဖြင့် ဆွမ်းဆန်စိမ်းနှင့် အခြား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ပင့်လျှောက်ထားသော ဆရာတော်/သံဃာတော်မြတ် များနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ဧည့်ပရိတ်သတ်များမှစည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပခဲ့သည်။

Telegram Link>>…
https://t.me/positiveanglenews/21847

PAN