နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် ရပ်ကွက်တွင်းခိုအောင်းနေသော သောင်းကျန်းသူများ တိုက်ပွဲဖြစ်ပေါ်နေ

(ပြည်တွင်း) ဧပြီ ၁၉

ကော့ကရိတ်မြို့ထဲရှိ ရပ်ကွက်တချို့ကိုတပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းခဲ့ရာ ရပ်ကွက်ထဲတွင်ခိုအောင်းနေသောအကြမ်းဖက်သောင်းကျန်းသူများနှင့် ယနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းက ၂ဖက်ထိတွေ့မူပြင်းထန်စွာဖြစ်နေကြောင်း သိရသည်။

နေ့လည် ၂နာရီအချိန်တွင် အမှတ် ၄ရပ်ကွက် ကြာအင်းကုန်းရှိ သတိပဌာန်ကျောင်းသစ်ဘုန်းကြီးကျောင်း၀င်းထဲရှိ အကြမ်းဖက်သောင်းကျန်းသူခိုအောင်းရာ ၄ ထပ်ကျောင်းဆောင်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် သောင်းကျန်းသူများ ကျဆုံးထိခိုက်မူများနေကြောင်း သိရသည်။

ကော့ကရိတ်မြို့၏ ကောင်းကင်ပေါ်တွင်လည်း တိုက်လေယာဥ်များ ပျံ၀ဲနေပြီး ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများကပြောသည်။

ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ပန်းခြံနားနှင့်အမှတ် ၃ရပ်ကွက် စက်ကုန်းနားရှိသတိပဌာန်ကျောင်းဟောင်းဘုန်းကြီးကျောင်း၀န်းကျင်တွင် ပျက်စီးမှုများစွာ ဖြစ်ပေါ်နေပြီး ညနေ ၄ နာရီခွဲအထိ ပစ်ခတ်မှုများဖြစ်နေသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

#PAN