(ပြည်တွင်း) ဧပြီ ၁၈
၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွမြသမာမှု မဲလိမ်မဲခိုးမှုတွေအပြီး ဆူပူဆန္ဒပြမှုတွေနဲ့အတူပေါ်ပေါက်လာသည့် လက်နက်ကိုင်ပန်ကန်မှုများကြောင့် နိုင်ငံအတွင်း ပသ်ခတ်သတ်ဖြတ်မှုများဖြစ်ပေါ်လျှက်ရှိသည်။
စစ်ဆင်ရေးနယ်မြေအတွင်းတွင်ကျရောက်နေသည့် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား PDF KNU သောင်းကျန်းသူများနှင့်အကြမ်းဖက်သမားများမှ လာရောက်ပသ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ငြိမ်း၊ ၅၈ နှစ် သည် နတ်ကြီးကျေးရွာအုပ်စု၌ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေစဉ် အကြမ်းဖက်သောင်းကျန်းသူများမှလာရောက်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ငယ်ဖြင့် (၈)ချက်ခန့်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PAN