အမရပူရမြို့နယ်၊ သာယာအေးကျေးရွာတွင် အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေး


(ပြည်တွင်း)ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ သာယာအေးကျေးရွာရှိ ရာအိမ်မှူး ဦးယုကြိုင်၏ နေအိမ်အား အကြမ်းဖက်သမား များမှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် အနီးရှိလူများ ထိခိုက်ဒဏ်ရာရရှိခဲ့​ပြီး အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည ၈ နာရီအချိန်ခန့်က သာယာအေးကျေးရွာ၊ ရွာလယ်လမ်းအတိုင်း အရှေ့မှအနောက်သို့ လူ ၃ ဦး စီးနင်းလာသည့် CZI ဆိုင်ကယ် ပေါ်မှ လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ ၁ လုံးမှာ ရာအိမ်မှုး ဦးယုကြိုင်၏ နေအိမ်ခြံဝင်းအတွင်း ခြံဝနှင့် ၆ ပေခန့်အကွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး နောက် ၁ လုံးမှာ ခြံပေါက်ဝ၏ ၁၀ ပေခန့်အကွာတွင် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

၎င်း ပေါက်ကွဲမှု့ကြောင့် လမ်းဘေးရေကန်တွင် စကားထိုင်ပြောနေကြသော မမဲဖြူ ၅၃ နှစ်တွင် နဖူးထိပ်၊ ဝဲ/ယာခြေထောက်၊ ဝဲဘက်ပါး၊ ဝဲဘက်နားထင် မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးဌေးလွင်၊ ၅၁ နှစ်တွင် ဝဲ/ယာပါး၊ ယာဘက်လက်မောင်း၊ ယာ ဘက်ခြေချောင်း မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မမာဌေး၊ ၅၃ နှစ်တွင် ဝဲဘက်ခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဝေရီရှိုင်း၊ ၁၇ နှစ်တွင် ယာဘက် ပေါင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ လမင်း၊ ၂၁ နှစ်တွင် ဝမ်းဗိုက် မိုင်းစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ တရုတ်ကြီး(ခ)အာကာမင်း၊ ၂၈ နှစ်၊ မီးရထား ဝန်ထမ်းတွင် ဝဲဘက်ခြေ သလုံး၊ ယာဘက်လက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မအိမ့်ဝေဆာ၊ ၂၂ နှစ်တွင် ဝဲဘက်ပေါင် မိုင်းစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ကိုကြယ်မင်း၊ ၂၁ နှစ်တွင် ယာဘက်ခြေ သလုံး၊ ယာဘက်နားထင် မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရ လူနာများအား မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊ ထိုသို့ တင်ပို့ကုသထားစဥ် မမဲဖြူ၊ ၅၃ နှစ်မှာ ရရှိသော ဒဏ်ရာများဖြင့် ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ် အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21794?single

PAN