(ပြည်တွင်း) ဧပြီ ၁၈
အချုပ်ခန်းအမိုးအား ဖောက်ထွက်ကာ လုံခြုံရေး တာဝန္က် ရဲတပ်သားထံမှ သေနတ်အားလုယူ၍ ပစ်ခတ်ထွက်ပြေးသွားသော အချုပ်သားအချိူ့ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခြဲ အချိန်ခန့်တွင် မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်း၌ ချုပ်နှောင်ထားရှိသော အချုပ်သား (၄) ဦးမွ အချုပ်ခန်းအမိုးအား ဖောက်ထွက်ကာ လုံခြုံရေး တာဝန္က် ရဲတပ်သားထံမှ သေနတ်အားလုယူ၍ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လုယူပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်ကြီး ထွန်းရှိန်မှာ နဖူးသို့ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။
အချုပ်သား ၄ ဦး အနက်မှ တစ်ဦးအား အချုပ်ခန်း ခေါင်မိုးပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး လွတ်မြောက်နေသော အချုပ်သား ၃ ဦးတွင် M-16 သေနတ် ၁ လက် ပါရှိသွားကြောင်း သိရသည်။
#PAN