မြန်မာလက်ရွေးစင်ဖူဆယ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမှု သရေရလဒ်ထွက်ပေါ်

ဧပြီ ၁၈

      ယမန်နေ့က ကျင်းပပြုလုပ်တဲ့ AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲမှာ မြန်မာ လက်ရွေးစင်ဖူဆယ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ အုပ်စု(က) ပွဲဦးထွက်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုး စီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

     ပထမပိုင်း ပွဲချိန်အပြီးမှာ အသင်းနှစ်သင်းမှာ ဂိုးမသွင်းနိုင်ခဲ့ကြဘဲ ဒုတိယပိုင်းပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ ဧပြီလ ၁၉ ရက်မှာ အိမ်ရှင်ထိုင်းအသင်း၊ ဧပြီလ ၂၁ ရက်မှာ တရုတ်အသင်းနှင့် ယှဉ် ပြိုင်ကစားရမှာဖြစ်ပါတယ်။

       မြန်မာအသင်းဟာ AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ရဲ့ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်မှာ အဆင့်(၇၈)မှ (၆၉) သို့ မြင့်တက်ခဲ့ပြီး အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအလိုက် အဆင့်သတ် မှတ်ချက်မှာလည်း အာရှအဆင့် (၁၈ မှ (၁၅)သို့တက်လှမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။

#PAN